ဒီကေဘီအေနှင့် နအဖစစ်တပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ
နော်ဖေါ၊ ကောင်းဝါ၊ ဝါခေါင်လဆုတ် ၂၊ ၁၃၇၂။ သြဂုတ် ၂၇၊၂၀၁၀။
(နော်ဖေါ၊ သြဂုတ် ၂၇) ။ ။ ဒီကေဘီအေနှင့် နအဖတပ်စခန်းချရာ ဒေသများ၌ လူသတ်ခြင်း၊ အဓမ္မခိုင်းစေခြင်း၊ ငွေကြေး ကောက်ခံခြင်း နှင့် လူ့အခွင့်အရေးချိုးဖေါက်မှုများ၊ ပိုဆိုးလာနေသည်ဟု အချိုးဖေါက်ခံခဲ့ရတဲ့ ဒေသခံများမှပြောပါသည်။
အထူး သဖြင့် မွန်ပြည်နယ်သထုံခရိုင်နှင့် မော်လမြိုင်ခရိုင်အပါအဝင် ကရင်
ပြည်နယ်မှ ဖါးအံခရိုင်နှင့်ကော့ကရိတ် ခရိုင် များလည်းပါဝင်ပါသည်။ ၄င်းပြင် ပဲခူးတိုင်းညောင်လေးပင်ခရိုင် နှင့် တောင်ငူခရိုင်တို့၌လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးဝါးစွာခံစားနေရကြောင်း ဒေသခံများမှပြောပါသည်။
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် ၊ မာလာတောရွာတွင် အခြေချသော ခမရ (၄၈) တပ်ရင်းမှတပ်ခွဲမှူး ခင်မောင်ကျော်သည် ခမရ (၄၈)ဒုတပ်ရင်းမှူး ထင်ကျော် အဖွဲ့ နှင့် (၁၂-၈-၂ဝ၁ဝ) ရက်နေ့ ညနေ (၅)
နာရီ အချိန်၌ တပ်ချိန်းခဲ့ပါသည်။
ထိုသို့တပ်ချိန်းရာတွင် အင်အား(၃ဝ)ဦးခန့်ရှိသော တပ်ခွဲမှူးခင်မောင်ကျော်
နှင့်အဖွဲ့သည် မာလာတော ရွာမှတဲကွယ်လေးခိုရွာသို့ သွားရာလမ်းတ
လျှောက်ရှိ ကျွဲနွားခြံများ၌ အလုပ်လုပ်နေသော ရွာသားတချို့ကိုပစ် သတ်
သောကြောင့် ရွာသားတစ်ဦးနှင့် နွားနှစ်ကောင် သေဆုံးပြီး ရွာသားတစ်ဦး ဒါဏ်ရာရရှိခဲ့သည်။ သေဆုံး သူမှာစောဘာကူး (အသက် ၃၅) နှစ်နှင့် ဒါဏ်
ရာရရှိသူမှာ စောမူးဒါး (အသက် ၁၁)နှစ်တို့ ဖြစ်သည်။ ဒါဏ်ရာ ရရှိသူအားကျောက်ကြီးမြို့နယ်၊ သပြေညိုရွာဆေးရုံသို့ပို့ရပြီး မည်သူကပစ်ခတ်လိုက်သည်ကို မပြောရန်တား မြစ်ထားခဲ့ပါသည်။
တပ်ခွဲမှူးခင်မောင်ကျော်နှင့်အဖွဲ့သည် ကျောက်ကြီးမြို့နယ်အတွင်းရှိ မာလာ
တောရွာ၊ ကျောက်တန်းရွာ၊ ဆော ဝါးဒဲရွာ၊ သပြေညိုရွာများ အတွင်းတွင် စစ်ကြောင်းလှည့်လည်လှုပ်ရှားလျက်ရှိနေသည်။
၎င်းပြင် ကျောက်ကြီးမြို့နယ် ၊ မာလာတောရွာ၌ အသစ်ရောက်ရှိလာခဲ့သော
ခမရ (၄၈) တပ်ရင်းမှ ဒုတပ်ရင်းမှူးထင်ကျော်သည် မာလာတောရွာသားများ
အား မှတ်ပုံတင်ရိုက်ရမည်ဟုပြောပြီး လူတစ်ယောက် ကိုကျပ်ငွေ (၇၅ဝဝ) ကိုအတင်းအကြပ်တောင်းယူသွားခဲ့ပါသည်။
ပဲခူးတိုင်း၊ တောင်ငူခရိုင် ၊ ထန်းတစ်ပင်မြို့နယ်ရှိ ၊ ဇရပ်ကြီးကျေးရွာ၌ အ
ခြေချသော ခလရ (၇၃) တပ်ရင်းသည် မာလာကုန်းရွာသို့ဝင်လာပြီး မာလာကုန်းရွာသားနှစ်ဦးဖြစ်သော စောမူးသော (အသက် ၂၂ နှစ်၊ အဘ
စောမူးရာ့)နှင့် စောခို့ကလယ်ထူး (အသက် ၁၉နှစ်၊ အဘ စောမူးရာ့) ညီ
အစ်ကို နှစ်ယောက်အား (၁၉-၈-၂ဝ၁ဝ) ရက်နေ့၌ဖမ်းဆီးသွားခဲ့သည်။ အပြစ်မရှိသောရွာသားနှစ်ဦးအား ဖမ်းဆီးပြီးယခုအချိန်ထိ လွတ်ပေး ခြင်း
မရှိသေးပါ။ဘာကြောင့် ဖမ်းဆီးရတာလဲ၊ ဘယ်မှာထားသလဲဆိုတာလည်း
အခုအချိန်ထိ မသိရ သေးပါ။
၎င်းပြင်ထန်းတစ်ပင်မြို့နယ် ၊ရေတံခွန်ရွာတွင် အခြေချသော စကခ (၇)
လက်အောက်ခံ မခရ (၁ဝ၂) တပ်ရင်းသည် ရေတံခွန်ရွာရှိ အမျိုးသမီး (၁၄)
ဦးနှင့် အမျိုးသား (၁၆) ဦးအားလုံးပေါင်း အယောက် (၃ဝ) အား၊ (၂၃-၈-၂ဝ၁ဝ) ရက်နေ့တွင် ပေါ်တာအဖြစ်ဖမ်းဆီးခဲ့ပြီး ရေတံခွန်ရွာမှ ပုလဲဝရွာအထိ ရိက္ခာ
ပစ္စည်းများ ပို့ပေးခဲ့ရသည်။
မွန်ပြည်နယ်၊ သထုံခရိုင် ၊ ဘီးလင်းမြို့နယ်၌ရှိသော ဒီကေဘီအေ တပ်မဟာ
(၃၃၃) ဗိုလ်စောဒါးဝေ ဦးဆောင်သော အဖွဲ့သည် ဘီးလင်းမြို့နယ်အတွင်း၌ရှိ
သော မဲပလိချောင်းဖျားကျေးရွာအုပ်မှ မဲပလိချောင်း ဖျားရွာ ၊ကစယ်ဖိုးရွာ၊ ည
ရှုဝရွာ ဇီးကုန်းရွာ ပတာတောင်ရွာ ဘောပေါချောင်းဝ ရွာများအား တစ်အိမ်လျှင်
ဝါး အချောင်း (၂ဝ)ချောင်းနှင့် အိမ်ထောင်စုစာရင်းကို (၁၅-၈-၂ဝ၁ဝ) ရက်နေ့
က ပေးခဲ့ရပါသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ၊ ကော့ကရိတ်မြို့နယ်၌ရှိသော ဒီကေဘီ
အေတပ်ရင်း (၃) ဗိုလ်အ ကြည်ဦးဆောင်သော အင်အား(၁၅) ဦးခန့်ရှိသော
အဖွဲ့သည် နောင်နှိုင်းရွာ ၊ ရွာတန်းရှည်၊ နန်းရွေမွန်ရွာ တောင်ကြာအင်း ရွာများ
ရှိ ရွာသူကြီးများကို (၉-၈-၂ဝ၁ဝ) ရက်နေ့တွင် ခေါ်စုပြီး တစ်ရွာလျှင် ပေါ်တာ
ကြေး ကျပ်ငွေ (၂၅ဝဝဝ)ကျပ် တောင်းသွားခဲ့ပါသည်။
ထို့ကြောင့် ဒီကေဘီအေတပ်များ အခြေချသော တပ်ရင်းနေရာတချို့နှင့် နအဖတပ်များသည်၊ အကြောင်းမဲ့ပစ် ခတ်သတ်ဖြတ်မှုများ၊ ပေါ်တာဆွဲခြင်း၊ ငွေကောက်ခံခြင်း၊ အဓမ္မအလုပ်စေခိုင်းခြင်းများ ရှိနေဆဲ ဖြစ်ကြောင်း တင်ပြ
လိုပါသည်။
ဆက်လက်ဖတ်ရှုရန်....

No comments:
Post a Comment